Search This Blog

Thursday, March 7, 2013

သူငယ်ချင်း

သူငယ်ချင်း
နုပျိုချိန်တွေ လွန်လာခဲ့သမျှ
အရေးတကြီးကိစ္စတွေက ပေါ့ပေါ့ပါးပါးတွေထက် ပိုအရေးပါ
မင်းကို ငါ ပိုလိုအပ်လာတယ်
မင်း ငါ့နားရှိရှိ မရှိရှိ
မင်းက ငါ့နား
ငါပြောသမျှ မင်းကြားမယ်ဆိုတာ
ငါယုံကြည်တယ်
မင်းသွားမယ့်လမ်း ငါလိုက်ပို့မယ်
ငါ့မှာ ငြင်းဆန်ခွင့်မရှိ
မင်းချစ်သူက ငါ့ကို (ငါတို့ကို)
လက်မခံလည်း ငါတို့လက်ခံတယ်
ငါတို့မှာ ငြင်းဆန်ခွင့်မရှိ
အသက်တွေကြီးလာလို့
ပျင်းနေမှာလား ငါ တစ်ခါမှ မတွေးမိ
ငါ့မှာ မင်းရှိနေတယ်
ငါတို့မိသားစုတွေဟာ
စည်းလုံးကြပါ့မလား
ငါတစ်ခါမှ စိတ်မပူမိ
ငါတို့တွေ ရှိနေတယ်
မြင့်နေလည်း မင်းက ငါ့သူငယ်ချင်း
နိမ့်နေလည်း မင်းက ငါ့သူငယ်ချင်း
မင်း မိန်းမကို မင်းကြောက်တာ
သေခါနီးထိ အရိုးစွဲနေလည်း
မင်းဟာ ငါ့ရဲ့ သူငယ်ချင်း
တစ်ယောက်ရယ်တုန်းက
လိုက်ရယ်နိုင်ခဲ့ရင်
တစ်ယောက်အားငယ်နေရင်
အများက အားပေးကြမယ်
ငါတို့မှာ သမိုင်းပေးဖြစ်ခဲ့ပြီ
အခု တစ်ယောက်က ဖျားနာတော့
အများက ဝိုင်းပြုစုကြသလို
နောက် မင်း(တို့)မသိဘဲ
ငါဘာဆေးမှ မသောက်ဘူး
မင်းတို့ရောက်မလာသေးဘဲ
ငါထွက်မသွားဘူး
ငါရှိရှိ မရှိရှိ ဒီကဗျာကို
မင်းဆက်ရေးမယ်ဆိုတာ
ငါယုံတယ်
ကဲ သူငယ်ချင်း
ငါ မင်းအတွက် နိဂုံးကို
ကွက်လပ်ထားခဲ့တယ်။
p.s ငါမရှိတော့လို့ မင်းငိုတဲ့အခါ
မင်းမိန်းမက နားလည်ချင်မှလည်မယ်။ ရှင်းပြလိုက်ပါ။ ငါတို့အတွက် "သူငယ်ချင်း"ဆိုတာရဲ့ အဓိပ္ပါယ်ကို.........................
လူစိုး

No comments:

Post a Comment