Search This Blog

Thursday, March 7, 2013

ချစ်သူဝေးဝေး


သစ္စာဆိုတာ
အရည်မလည်ခင်က
တည်ခဲ့ရတာမျိုးလားကွယ်

မတူညီမှုဆိုတာ
ဖွဲ့စရာစာမမြောက်
ယှဉ်ထိုးစဉ်းစားတာပဲဖြစ်ဖြစ်
အစားထိုးဖြည့်စွက်တာပဲဖြစ်ဖြစ်
ဘာပဲဖြစ်ဖြစ်ပေါ့
တစ်ခါလောက်တော့
လှည့်ကြည့်ပါဦး
တို့နှစ်ယောက်လုံး ပင်ပန်းနေပြီ..

တကယ်တမ်းကျတော့
သစ္စာတရားကို
ချစ်ခြင်းမေတ္တာထက်
အရင်စောပြီးရောက်စေချင်ခဲ့သူနဲ့
ရာခိုင်နှုန်းတွက်ချက်ဆဲ
သောကပါဝင်မှုအချိုးကို
ချိန်ဆနေသူကြား
အချစ်ဟာ နီးနီးလေး
ေ ဝ း ......
လူစိုး

No comments:

Post a Comment