Search This Blog

Thursday, March 7, 2013

မြစ်ဆုံး

ပုဂံ၊ လောကနန္ဒာဘုရားအနီးမှ ဧရာဝတီမြစ်
စီးမရ ခုတ်မရနဲ့

အပေးအယူမမျှတော့

ကွေ့ဟယ် ၀ိုက်ဟယ်

ကိုယ်ဖို့တဲ့သောင် ကိုယ်ပြန်ရှောင်ရင်း

တွန့်ခေါက်တိမ်ကောလို့

သားတွေဆီရောက်မလာတော့မယ့်

အမေ...။      ။

လူစိုး
(ဤကဗျာကို ကာတွန်းမြစ်ပြပွဲတွင် Themeကဗျာအဖြစ် အသုံးပြုခဲ့ပါသည်။)

No comments:

Post a Comment