Search This Blog

Thursday, March 7, 2013

ညီမလေးရေ....


တခါက မိုးတွေခုလိုရွာနေရင်
နင် ငါ့ကို ပညာရေးဆီရောက်အောင် ထီးမိုးလိုက်ပို့ခဲ့ဖူးတယ်
ဘာမှဖြစ်မတော့မယ့်ငါ
နင့်အစွမ်းကြောင့် တစ်စုံတစ်ယောက်တော့ ဖြစ်ခဲ့တယ်
အခု မိုးတွေအရမ်းကို ရွာနေတုန်းမှာ
နင့်ရဲ့ အပြင်ကို ခဏထွက်ပါရစေဆိုတဲ့စကားက
အဖွားကို ဘုန်းကနဲ လဲသွားစေတယ်
အဖေ့ကို နှုတ်ပိတ် တိတ်ဆိတ်သွားစေတယ်
အိမ်ကို ငွေဝင်ရာလမ်းကို နင်ကဖြန့်ခင်းပြမယ်ဆိုတော့
ငါတို့အကိုတွေမှာ ဆူပွက်လှိုင်းထန်
ဘဝကနင်ရေးသလို လိုက်ကမယ်ထင်နေသူ ငါ့ညီမရေ
တားခွင့်မရှိလို့ မတားရပေမယ့် စိတ်မချခွင့်တော့ပြုပါ
ငါတို့မပါတဲ့ နင့်အနာဂါတ်ကို နင့်လက်ထဲမှာပဲ မြဲမြဲကြီး ဆုပ်ကိုင်ထားစမ်းပါ 
နင်ဘယ်ဘဝရောက်ရောက် ငါတို့ဘယ်ဘဝရောက်ရောက် 
ခေါ်ခွင့်ပြုပါ ညီမလေးရေ 
ညီမလေးရေ....
လူစိုး

No comments:

Post a Comment