Search This Blog

Thursday, March 7, 2013

ကောက်ရိုးနဲ့လုပ်တဲ့အိမ်

ပန်းခင်းလမ်းနဲ့ ပန်းမွေ့ရာ

အိပ်မက်လည်း ရိဆွေးနေပါပြီ

နေလို မီးလို မမြင်အောင်ရှောင်ပုန်း

ရိသဲ့သဲ့တွေနဲ့

မူယာမာယာတွေနဲ့

ဖြည်းဖြည်းချင်း တွန်းချမနေနဲ့တော့

ဒီမှာ!

မျက်နှာကို ရဲရဲကြည့်

လက်ညှိုးကို တည့်တည့်ထိုး

သွားတော့လို့ မင်းတစ်ခွန်းပဲပြောလိုက်

ငါလုံးဝ လှည့်မကြည့်ဘူး..

ကလေးကို ငါ ခေါ်သွားမယ်။       ။

လူစိုး

No comments:

Post a Comment