Search This Blog

Thursday, March 7, 2013

အချစ်



ရှောင်လွှဲမရသော

လှိုင်းတံပိုးများအတွင်း

မျောပါဖြတ်သန်းခဲ့သော

ကာလတလျှောက်

မာနနည်းစွာ ဦးညွှတ်မြတ်နိုး

ထိုခံစားချက်ဖြင့် ပူလောင်နာကျင်

“ကိုးကွယ်ရာ”...ဟု

ဝန်ခံလိုက်ချိန်တွင် 

တစ်စုံတစ်ယောက်၏ စွန့်ပယ်ခြင်း၌

တခုတ်တရဒဏ်ရာများဖြင့်

ကြည်နူးကြေမွခဲ့ရပါသည်...။      ။

လူစိုး

No comments:

Post a Comment