လုပ်ချင်တာကို လုပ်လိုက်ပြီး ကျေနပ်သွားတဲ့ အချိန်အခါမျိုး အကျွန့်မှာ မရခဲ့ဖူး။
လုပ်သင့်တာကို လုပ်လိုက်ပြီး ပျော်ရွှင်ရတဲ့ ခံစားမှုမျိုး အကျွန့်မှာ မရှိခဲ့ဖူး။
အကျွန်မဟုတ်သော အခြားတစ်ယောက်အတွက် စဉ်းစားလုပ်ကိုင်ပေးခဲ့တာမျိုး အကျွန့်မှာ မရှိခဲ့ဖူး၊
အတ္တမနည်းမနောသာ ရှိခဲ့ဖူး။
အကျွန်လုပ်သမျှ အမှန်၊ ပြောသမျှ အမှန်၊ ဆန့်ကျင်သူ အမှားလို့
ဘ၀င်တွေသာ မြင့်ခဲ့ဖူး၊ မာနတွေ ကြီးခဲ့ဖူး။
မိဘနှစ်ပါးအပေါ်မှာတောင် မာနနဲ့ ဆက်ဆံခဲ့ဖူး။
စကားတစ်ခွန်း အကြောမခံချင်စိတ်ကြောင့် ဒေါသတို့ ဖြစ်ခဲ့ဖူး၊ ရှိခဲ့ဖူး။
မရရင် သေလောက်တဲ့စိတ်နဲ့ လောဘတို့ ဖြစ်ခဲ့ဖူး၊ ရှိခဲ့ဖူး။
တထာဂတအရှင်...
ဤမှန်သောသစ္စာစကားကြောင့် အကျွန့်ဘ၀တစ်သက်မှာ
အကျွန့်စိတ်ဖြင့် အကျွန့်ကိုယ်
တစ်ပါးသူအသက်အား နှောင့်ယှက်ဖျက်ဆီးမိသူ မဖြစ်ရပါလို...။ ။
လူစိုး
No comments:
Post a Comment