Search This Blog

Thursday, March 7, 2013

“နတ်သမီးထောင်ချောက်”


ချောင်ထိုးခံရတဲ့ ရထားတစ်စင်း မခုတ်မောင်းတတ်တော့သလို
အိမ်ထဲအနေကြာတဲ့ ဓားတစ်လက် မပြတ်သားတော့သလို
ကြား ကြားတဲ့အတိုင်း
မြင် မြင်တဲ့အတိုင်း
မနူးဘဲ ညံ့နေခဲ့ပေါ့
ကြိုးစားသမျှက တွေ့ရဖို့ မြင်နေခွင့်ရဖို့
တွေးသမျှက ဘယ်မှာလဲ ဘာတွေလုပ်နေလဲ ဒါတွေပဲ
ခုအတွေးက အရင်အတွေးကို သတ်သလိုမျိုး
ချိုမြိန်သော ဒုက္ခကိုမှ အပိုင်ရလိုသူ
ငါဟာ
နာကျင်စရာမရှိတော့သူ
စိတ်ပူပန်တတ်သူ
ထုံကျင်ထိုင်းမှိုင်းသူ
ဘာကိုမှတန်ဖိုးမထားတတ်တော့သူ
သံသယကြီးသူ
အားနည်းသူ
အစွယ်ကျိုးသူ
မင်းစိတ် (မင်းအဆိပ်)နဲ့ ရူးနေသူပါ။ ။


လူစိုး

No comments:

Post a Comment