Search This Blog

Thursday, March 7, 2013

ဝ မရှိတဲ့မာန

ပိုပြီးကောင်းလာမလားလို့
ကိုယ့်ပင်စည်ကိုယ် ဓားနဲ့ထစ်ခဲ့တာလည်း
အနာတရတွေသာ အဖတ်တင်
ပွင့်ဖူးတွေဝေမယ့်
နွေဦးနဲ့တော့ အလှမ်းဝေးနေတုန်း..
အဓိပ္ပါယ်တွေပြည့်နေတဲ့အခန်းကို
ဇောက်ထိုးမိုးမျှော် လုပ်ခဲ့ပြီးပြီ
နှစ်ကာလများစွာကို
“၀ိ”တစ်ခုတည်းနဲ့ လုပ်စားခဲ့ပြီးပြီ
ခံစားချက်တွေအကြောင်းပြောရင်
ငါ့အသံဟာ ဒေါသကြောင့်
မာထန်နေတုန်း
တစ်ငါတည်း ငါနေခဲ့တဲ့
---ငါ---
အခုထိလည်း ငါ တုန်း
မလျှော့နိုင်သေးဘူး။     ။

လူစိုး

No comments:

Post a Comment