Search This Blog

Thursday, March 7, 2013

ငြိမ်းရေ...



နင် ဘယ်မှာလဲ သူငယ်ချင်း
ခုချိန်ဆို နင် တန့်ကြည်တောင်နောက်ထဲ
နေ၀င်သ
ွားတာကို ထိုင်ကြည့်နေမလား
ရွှေတိဂုံရင်ပြင်မှာ ဘုရားသမိုင်းကို
ဂျာမန်လို ပြောနေမလား
ငါကတော့ ရန်ကုန်လမ်းမတွေထက်
နင့်ကို ပျောက်ဆုံးခဲ့ရတယ်
နင်မရှိတဲ့နောက် Sky Bistro ကို ငါ တစ်ခါပဲရောက်တယ်
ငါတစ်ယောက်တည်းသောက်ရတဲ့ espresso ဟာ
လိုတာထက် ပိုခါးတဲ့ဒဏ် ငါမခံနိုင်တော့လို့ပါ ငြိမ်း
လူတွေက ငါ့ကို
“နာမည်က စိုးထိုက်ပဲလား” လို့ မေးတဲ့အခါ
နင်ပေးခဲ့တဲ့နာမည်ကို ငါ စိတ်ထဲမှာ ရေရွတ်မိတယ်
ငါဟာ ခုထိ ရုးကြောင်ကြောင်နိုင်ဆဲပါ ငြိမ်းရေ
ငါ့မှာ နင့်ဓာတ်ပုံမရှိဘူး
ငါ့မှာ နင့်ဖုန်းနံပါတ်လည်းမရှိဘူး
ငါ့မှာ နင်နဲ့ပတ်သက်တာဆိုလို့
နင်ပြောပြခဲ့တဲ့ နားလည်မှုအကြောင်းပဲ ရှိတယ်ငြိမ်း
နင်ဟာ ငါ မရေးဖြစ်သေးတဲ့ ၀တ္ထုထဲက
ဂျာမန်ဧည့်လမ်းညွှန်မလေးပါ
နင်ဟာ ငါ နိမ့်ကျနေတဲ့အချိန်တွေမှာတောင်
ငါ့ကို တန်ဖိုးထားခဲ့တဲ့ တစ်ဦးတည်းသောသူပါ
လူတွေက နင်နဲ့ငါ့ကို အတွဲလို့ထင်နေချိန်မှာ
နင်က ငါ့ပေါက်တတ်ကရဟာသတွေကို ရယ်မောလို့
ငါက နင့်ရဲ့ ကလေးဆန်ဆန်ရယ်သံတွေကို သဘောကျလို့
ငါတို့ ဖြူစင်တာ နင်နဲ့ငါ အသိဆုံးပါ သူငယ်ချင်းမရယ်
အခု ငါ အလကားကောင်တော့ မဟုတ်တော့ဘူး ငြိမ်း
ငါ့ကို “နင် အလကားကောင်မဟုတ်ဘူး”လို့
ပြောနေကျနင်လည်း မရှိတော့ဘူး ငြိမ်း
ငါတို့ ပြန်တွေ့ကြပါဦးမလား
ရန်ကုန်မြို့လမ်းတွေဟာ 

ငါ့အတွက်သိပ်ကျယ်နေခဲ့တယ် ငြိမ်းရေ..။ ။

လူစိုး

No comments:

Post a Comment