Search This Blog

Thursday, March 7, 2013

" ထွက်သွားကတည်းကပြန်မရောက်တော့ဘူး "


သို့
ကျွန်တော်ကိုယ်တိုင် မသိတဲ့
နေရာတစ်ခုက သတိရခြင်းများဖြင့်
ရေးသားလိုက်ပါတယ်
ကမ္ဘာမြေမှာ ပျော်ရွှင်စရာတွေ
ရှိသေးလား??
ကျွန်တော့်ပတ်ဝန်းကျင်ကတော့
အမြဲမှောင်မဲနေတာပဲ
ကမ္ဘာမှာ နေ့ နဲ့ ည အလှည့်ကျ
ဖြစ်ပေါ်နေတုန်းဆိုရင်
ကျွန်တော်တစ်ခေါက်လောက်
လာကြည့်ချင်သေးတယ်
ကျွန်တော် အသက်ရှိသမျှ
ရုန်းကန်နေပါတယ်
သတ္တိနဲ့ ဇွဲ ကတော့ကုန်ခါနီးပြီ
အစာရှာထွက်လာတဲ့ အမှန်တရား ဒီဘက်ခြမ်းမှာ
မရှိတာသေချာတယ်

ကျွန်တော် လမ်းရွေးတာ

မှားသွားပြီ ( ထင်တာပဲ )
ဒါနဲ့ စကားမစပ် ကမ္ဘာမြေမှာရော
အမှန်တရားပေါ်ထွန်းလာပြီလား
တစ်ခါတစ်ခါ ကျွန်တော်လေ
မေမေ ရှိရာအတိတ်ကိုပြန်လာချင်လိုက်တာ
...
လွင့်မြောချင်ရာ မြောပါနေပြီး
အသက်ရူစရာ လေမရှိတဲ့ဘဝမှာ ကြိုးစား
ရှင်သန်နေဆဲပါ
ကမ္ဘာကြီးနဲ့ယှဉ်ရင်တော့
ကျွန်တော့်ဆွဲအားဟာ
သိပ်နည်းလွန်းနေသလား မေမေ..
ဒါပါပဲ
မေမေ နဲ့ ကမ္ဘာမြေ ထာဝစဉ်ငြိမ်းချမ်းပါစေ။       ။


လူစိုး

No comments:

Post a Comment