Search This Blog

Thursday, March 7, 2013

ဂျာဆိုင်းအိမ်

သူနေထိုင်ရာအရပ်က
သူနဲ့ လားလားမှမဆိုင်တဲ့စစ်ပွဲ
ရမ်းသမ်းပစ်ခတ်သတဲ့လား
ဖြစ်မှဖြစ်ရလေ

ဆယ့်သုံးနှစ်သမီးပါ
ဘာဝါဒမှ မရှိဘူး
ဆေးရုံရောက်ခဲ့တယ်
ခွဲခန်းထဲ ရောက်ခဲ့တယ်
သေဆုံးသွားခဲ့တယ်
ဆယ့်သုံးနှစ်သမီးပါဗျာ
ရန်သူမဟုတ်ဘူး
ဒီလောက်ပစ်ခတ်နေတာတောင်
စာသင် မပျက်ခဲ့သူပါ

ခုတော့
သူနေထိုင်ခဲ့ရာအရပ်က
သူနဲ့ လားလားမှ မဆိုင်ခဲ့တဲ့စစ်ပွဲကြောင့်
ဆုံးပါးရရှာပြီ
ဒီတစ်ညတော့
ကောင်းကင်ဘုံမှာ
မိုးတွေ အရမ်းကို ရွာနေပါလား
ကလေးငယ်ရေ....
လူစိုး စက်တင်ဘာလ ၁၃ရက် ၂၀၁၂
ညနေ ၃:၃၀ခန့်မှ စတင်၍ မြန်မာ့တပ်မတော်မှ လက်နက်ကြီးများဖြင့် အချိန်နှစ်နာရီခန့် "ရမ်းသမ်းပစ်ခတ်ရာ" ဖားကန့်မြို့ မော်ဝမ်းကြီးရပ်ကွက် စာသင်ကျောင်းအနီးသို့ လက်နက်ကြီးတစ်လုံး ကျဆင်းပြီး ကျောင်းဆင်းခါစ ကျောင်းသား ကျောင်းသူများနှင့် သာမန်အရပ်သားများ စုစုပေါင်း ၈ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့၍ ဖားကန့်ဆေးရုံသို့ ရောက်ရှိလာရာမှ အသက်၁၃နှစ်အရွယ် ကျောင်းသူ "မဂျာဆိုင်းအိမ်" အဖ ဦးဘရန်ရှောင်သည် ခွဲစိတ်ခန်းအတွင်း ကုသမှုများ ခံယူနေစဉ် ည၁၀နာရီခန့်၌ သေဆုံးသွားခဲ့ပါသည်။

No comments:

Post a Comment