Search This Blog

Thursday, March 7, 2013

မာရီယာ သဏ္ဍာန်မတူ ငါ

မင်းလက်နဲ့ တွန်းရွှေ့လိုက်တော့
အစိုပြန်နေတဲ့ မေတ္တာတရားဟာ
ငါ့ခြေထောက်ပေါ် ပြုတ်ကျသွား
မင်းက “ဂျူး”၀တ္ထုတွေနဲ့
ငါက “ကိုချောနွယ်” ကဗျာတွေနဲ့
ဒို့နှစ်ယောက်ကြားမှာ
စကားလုံးတွေသာ ဖောင်းကားလို့
ဘာရလဲ တွေးရင်
မင်းက ပေသီးကို ပြေးခေါက်တယ်
ငါက ဂန္ဓီ၊ ယန်နီနဲ့ မောင်သိန်းဆိုင်အကြောင်းပြောတာ
မင်းမှာ မဲ့မဲ့ရွဲ့ရွဲ့
ကျောင်းပဲပြီးအောင် လုပ်ဦးတဲ့
...
ငါအားနဲ့ပိတ်ကန်ပစ်လိုက်တော့
စေ့ရုံလေးတံခါးဟာ
ဝုန်းခနဲပွင့်သွားတယ်
ဒါပေမယ့် မာရီယာ..
မင်းကို ငါ လိုအပ်နေတုန်း။        ။

လူစိုး





No comments:

Post a Comment