Search This Blog

Thursday, March 7, 2013

မှားနေခဲ့သော နေ့နှင့်ညများ

အနိမ့် အမြင့်တွေကြား
သွေးက ပူလွယ်၊ အေးလွယ်
အိပ်ပျော်ဖို့ ကြိုးစားရတာ
ရေနစ်တာထက်ပင်ပန်းတယ်
ပျက်မှုတွေ ဆက်တိုက်နဲ့
သမုတိကင်းသောကမ္ဘာမှာ
နီးရာကိုင်းကို ခို
နီးရာကမ်းကို ကပ်
နီးရာဓားကို ကြောက်
တွယ်ဖက် ရုန်းကန်ခြင်းဟာ
ရှင်သန်ခြင်းဆို 
ဘယ်မလဲ ဘ၀ရဲ့ အဓိပ္ပါယ်
ဒီတစ်ခါ သက်ပြင်းနဲ့အတူ
ဝေနေယျအပေါင်းကို မေတ္တာပို့ပါတယ်
အထပ်ထပ်ရှာဖွေနေသမျှဟာ
ကိုယ့်ကိုကိုယ် ပြန်ချည်နှောင်သောကြိုးတွေ
နောက်ဆုံး
“ပြန်နိုးမလာတော့ရင်လည်း ဖြစ်ပါတယ်လေ”...။       ။

လူစိုး

No comments:

Post a Comment