Search This Blog

Thursday, March 7, 2013

ဒီပရက်ရှင်း

ကြည်နူးလို့ ပြုံးရင်ပဲဖြစ်ဖြစ်
နာကျည်းလို့ မဲ့ရင်ပဲဖြစ်ဖြစ်
မျက်နှာက အရေးအကြောင်းတွေသာ 
ထင်း ထင်းလာတယ်

အသက်အရွယ်အရ ငါဟာ လူငယ်
အတွေ့အကြုံအရ ငါဟာ အိုမင်းရင့်ရော်သူ (မောင်ဖီလာ)

ဟုတ်တယ်
တစ်ခုခုဖြစ်ဖို့ တစ်ခုခုလုပ်နေရတဲ့ဘ၀ကို
ငြီးငွေ့လွန်းလှပြီ
ဖြစ်ချင်တာတွေရော
ဖြစ်စေချင်တာတွေရော
တစ်ခုပြီးတစ်ခု မက်တဲ့ အိပ်မက်တွေရော
လူမို့ လောဘ ရှိရမတဲ့လား
ဒါဆို ငါ အခု
စိတ်ဓာတ်ကျနေတာပဲ။       ။

လူစိုး

No comments:

Post a Comment