Search This Blog

Thursday, March 7, 2013

အဆိပ်သောက်ခြင်း



ဖြေဆေးကို လွယ်ရာထားပါ
ဆူးချုံတောကို တိုးခဲ့ပြီ
ငါ့ဖဝါးထပ်ချပ်မကွာ
လိုက်ကပ်နေမှဖြစ်မယ်
တစ်ခဏမျက်ခြေပြတ်တာ
ဘဝတွေ ချီ ဝေးစေမှာ
အမှောင်ထဲ တိုးတဲ့အခါ
ငါ့လက်ကို မြဲအောင်ကိုင်ပါ
ငြိတွယ်မှုတစ်ခုနဲ့
အဖန်ဖန် လည်ကြမယ်
အဆိပ်တစ်ရစ်မှာ
ဖြေဆေးတစ်ရစ်
ဝဲသြဃနွံမှာ
နစ်ချင် နစ်ပလေ့စေတော့
အဆိပ်က တကယ်စစ်ရင်
မီး ထမတောက်ဘူး

ငွေ့ငွေ့လေး လှိုက်စားတာ
မဖြေနိုင်တော့တဲ့အထိ။ ။ 

လူစိုး
ပထမနှစ်ပတ်လည် အမှတ်တရ

No comments:

Post a Comment