Search This Blog

Thursday, March 7, 2013

ဓားမှာ အဖြေမရှိဘူး


ပိုင်းလိုက်မယ် တွေးထားရင်
မင်းဓားကို မင်းပြန်ဆကြည့်
မျက်လုံးတွေကန်းနေတဲ့ မင်း
အမုန်းကိုပဲ အခါခါခုတ်မိမယ်
သူငယ်ချင်း
သိပ်တော့လည်း မရိုးရှင်းလှဘူး
မင်းအဖေအသက်အတွက်
သူ့အဖေအသက်ဆိုရင်
တရားမျှတမှုကို မြင်ရဖို့
(မင်းတို့တွေ) မီးရှို့ကြည့်နေသလား
ခပ်လှမ်းလှမ်းက ငါတို့ကိုပါ
လောင်ကျွမ်းစေတယ်
ဘယ်သူရှို့လို့မှ ထပ်မလောင်ပါစေနဲ့တော့
ဘယ်သူခိုင်းလို့မှ ထပ်မပိုင်းကြပါနဲ့တော့
မင်းအမျိုးကိုမင်း ချစ်ပါ
မျက်လုံးတွေ ကန်းမသွားဖို့ပဲလိုတယ်
မင်းအမေ ငိုနေရသလို
သူ့အမေလည်း ငိုနေရ...
လူစိတ်ကလေးမှ မရှိတော့ရင်
လူ့အခွင့်အရေးအကြောင်း မပြောနဲ့
ငါတို့မှာ ဒါပဲ ပြောနိုင်တယ်
သေချာတယ် သူငယ်ချင်း
မင့်ဓားမှာ အဖြေမရှိဘူး။


လူစိုး

No comments:

Post a Comment