Search This Blog

Thursday, March 7, 2013

အချစ် (၂)

ဗြောင်းဆန်နေတဲ့ ရင်ပင်လယ်မှာ
ဝေးဝေးက ဖြူလွလွ လရောင်ကို
မော်တောင် မဖူးဝံ့
အိပ်ရာထဲ တစ်ယောက်တည်း လူးလှိမ့်
မျက်ခွံရဲ့ အတွင်းနံရံသာ
ဥယျာဉ်ကြီးဖြစ်လိုက်
မီးမှိန်မှိန် ဆိုင်ငယ်လေးဖြစ်လိုက်
နာရီသံတစ်ချက်ချက်ဟာ
ရေရွတ်မိသမျှ စကားလုံးတိုင်းကို
အဓိပ္ပါယ်ဖွင့်ဖို့ ကြိုးစားနေ
အချစ်ဟာ သူ့ချည်းသက်သက်ဆို
သိပ်ချစ်ဖို့ကောင်းမယ်....။       ။

လူစိုး

No comments:

Post a Comment