Search This Blog

Thursday, March 7, 2013

စိတ်ကိုမလျှော့လိုက်နဲ့


အရင်လိုစိတ်လည်း မရှိတော့ဘူး
အရင်စိတ်နဲ့ဆိုလည်း မလွယ်ဘူး
လာမေးတဲ့မေးခွန်းတွေ
ရှိပြီးသားမေးခွန်းတွေ
အဖြေဟာ မရှိသလိုလို ရှာမရသလိုလိုနဲ့
တစ်ခွန်းမေး တစ်ခွန်းဖြေဆို
မေးတစ်ခွန်း ဖြေတစ်ခွန်း
လူများပြီး ပွဲမစည်
မှောင်နေတဲ့အခြမ်းကို ဖုံးရတာတစ်လုပ်
မင်သေလည်းခဏပဲ ရယ်မိလည်းခဏပဲ
ကိုယ်ကပါ မျက်စိပျက် မျက်နှာပျက်
ဝေဒနာနဲ့ မရဏက တစ်ချိန်လုံးရှိနေတယ်
ဆီးလုံးဝမသွားဘူး မောပဲမောနေတယ်
စိတ်ကို မလျှော့လိုက်နဲ့ ကြိုပြီးတော့  ရှင်းပြထားဦး
ဒီတောင်ကို ဒီတစ်ညနဲ့ အပြီးကျော်ရမှာ
ဆေးကိုစုပ်ထား ခိုင်းရင်မြန်မြန်လုပ်
ခေါင်း(ကိုက်)မခံနဲ့ ....မရှိ စိုက်လိုက်ရုံ
"မထူးချွန်ရင်လည်း နေပါစေ
နောင်တမရတဲ့ ဆရာဝန်ဖြစ်ချင်တယ်"*****
မသက်သာဘူး ချွဲတွေပိုများလာတယ်
ထပ်ပြီးရှင်းပြထား စိတ်ကို မလျှော့လိုက်နဲ့
ဟစိ ထိုးနေပြီ နှလုံးခုန်ရပ်နေပြီ
စိတ်ကို မလျှော့လိုက်နဲ့
ဇက် လည် ကျ သွား တယ် ..... ။     ။
  လူစိုး                                                
(*****) - ရှင်သန်လာသောနှလုံးသား .. ကိုရီးယား ဇာတ်လမ်းတွဲမှယူထားသည်။

No comments:

Post a Comment