ရှင်ကွဲ ကွဲကြပေမယ့် ဇနီးဖြစ်သူအပေါ်မှာ နည်းနည်းမှ မငြိုငြင်ဘဲ သားနှစ်ယောက်ရဲ့ တာဝန်တွေကို ဇနီးသည်ကိုယ်စား ဝင်ထမ်းခဲ့တယ်။
ဆီးကျိတ်ကင်ဆာနဲ့ မရတော့ဘူးလို့ သိတဲ့အချိန်မှာလည်း ဇနီးနဲ့
တွေ့ခွင့်ရဖို့ အကြိမ်ကြိမ် ပယ်ချနေတဲ့ကြားက ဗီဇာရဖို့ စောင့်နေရင်း
သူ့မွေးနေ့မှာပဲ ဆုံးသွားခဲ့တယ်။
သူ့သားငယ်ရဲ့ ပြောစကားကို သတိရစွာ ပြန်ရေးတင်လိုက်ပါတယ်။
"အဖေလုပ်ပေးခဲ့တာတွေဟာ သိပ်အသိအမှတ်ပြုမခံရပါဘူး။ အမေ့အတွက် နိုင်ငံတကာက
ထောက်ခံအားပေးမှုတွေ ရလာအောင် လုပ်ပေးခဲ့တာ၊ အမေ နိုဗယ်ဆုရအောင်
တိုက်တွန်းပြောဆိုပေးခဲ့တာ၊ အမေ့ကို သူလုပ်ချင်တာတွေ လုပ်ခွင့်ပေးခဲ့တာ၊
အမေ နောက်ဆံမတင်းရဘဲ ဆက်လုပ်နိုင်အောင် အားပေးခဲ့တာ၊ တစ်ချိန်တည်းမှာ
သူ့အလုပ်တွေကို ဆက်လုပ်ရင်း ကျွန်တော်တို့ကို စောင့်ရှောက်ခဲ့တာ၊ ....
ဒီလို အဖေ ပါဝင်ပေးခဲ့တဲ့ အခန်းကဏ္ဍကို လူတွေသိသင့်သလောက် မသိကြပါဘူး။" တဲ့။
သူဟာ ပညာကို တန်ဖိုးထားတဲ့၊ မိသားစုကို ချစ်တတ်တဲ့၊ မြန်မာပြည်ကို သံယောဇဉ်ရှိတဲ့ အနောက်တိုင်းသား လူကြီးလူကောင်းတစ်ယောက်ပါ။
လူလွန်မသားတွေက အမေ့ကို ကုလားမယားလို့ဆဲတိုင်း ကျွန်တော့်စိတ်ထဲမှာ
သူပေးဆပ်ခဲ့တဲ့ ခင်ပွန်းတစ်ယောက်ရဲ့ စွန့်လွှတ်မှုနဲ့ ကျောင်းဆရာတစ်ယောက်ရဲ့
မြင့်မြတ်တဲ့စိတ်ထားကို ပြန်ပြန်မြင်ပြီး သူ့ကို အားနာနေမိပါတယ်။
လူစိုး
credit: ညနေခင်းသတင်း အတွဲ ၁၀ အမှတ် ၀၃
No comments:
Post a Comment