များသောအားဖြင့် ကျွန်တော်ကိုယ်တိုင်ရေးသားသော ကဗျာများ၊ ဆောင်းပါးများနှင့် ၀တ္ထုတိုများကို အဓိကတင်မည်ဖြစ်ပြီး ရံဖန်ရံခါ ဖတ်ပြီးနှစ်ခြိုက်မိသော စာရေးဆရာ၊ ကဗျာဆရာများ၏ စာများ၊ကဗျာများကိုလည်း တင်ပေးမည်ဖြစ်ပါသည်။
Thursday, March 7, 2013
ယနေ့မှစ၍သင့်အား တာဝန်မှ အပြီးအပိုင်ရပ်စဲလိုက်သည်
ရိုးပုံရိုးပန်းနဲ့ ပိရိလိုက်တာ
ရိပ်မိသလိုလိုရှိတော့
ကဘား တွေပြိုကျ ...
ကတိတစ်ခုပေးခဲ့တယ်
ထိန်းခဲ့တယ် တည်ခဲ့တယ်
ကဘား တွေပြိုကျ
"ဆေးလိပ်တွေ ပြန်သောက်နေပြန်ပြီ ..
"အငွေ့တွေထဲမှာ အတိတ်ရှိတယ် ၊ အနာဂတ်ရှိတယ် ...
ခုတော့
ကဘား တွေပြိုကျ
မခိုင်တဲ့ကမ်းနဲ့မှ လှိုင်းကိုတမ်းတသူ
စိတ်ဟာ တစ်ချက်တစ်ချက် လွတ်ထွက်
ကဘား တွေပြိုကျ
ကဘား ထဲပြုတ်ကျ ။ ။
လူစိုး
(၂၀၀၉ခုနှစ်လောက်က ကဗျာပါ။)
Labels:
Poems
Subscribe to:
Post Comments (Atom)
No comments:
Post a Comment